Wednesday, 12 December 2018

Wednesday, 21 February 2018

ရိုဟင်ဂျာမွတ်စမန်များကိုကျင်နာပါ

ရိုဟင်ဂျာမွတ်စမန်များကိုကျင်နာပါ။

ဇကာသ်ဟူသည်က

#ဇကာသ်
=====
ဇကာသ် ဟူသည် မိမိတွင်ရှိသော ပစ္စည်းဥစ္စာများအနက်မှ ရှရီအသ်တရားတော်က သတ်မှတ် ထားသော အစိတ်အပိုင်းကို အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညာတ်တော်အတိုင်း ဆင်းရဲသား များအား အပိုင်ပေးအပ်လှုဒါန်းခြင်းဖြစ်သည်။ ဆွလာသ်နှင့် ရိုဇာသည် ကိုယ်ကာယအားဖြင့် လုပ်ကိုင်ရသော အိဗါဒသ်ဖြစ်ပြီး ဇကာသ်သည် ဥစ္စာပစ္စည်းဖြင့် ပြုလုပ်အပ်သော အိဗါဒသ်ဖြစ် သည်။ ဇကာသ်ပေးခြင်းနှင့်ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန် ( ၂း၂၇၇၊ ၆း၁၄၁၊ ၉း၅၊ ၄၁း၇၊ ၇၀း၂၄-၂၅၊ ၇၃း၂၀၊ ၉၈း၅) တွင်လာရှိပါသည်။ ဇကာသ်ပေးခြင်းသည် အစ္စလာမ်မဏ္ဍိုင်ကြီး ၅ ခုတွင်တစ်ခုအပါအ၀င်ဖြစ်ပြီး နိဆာဗ် ရှိသူတို့အဖို့ မဖြစ်မနေလုပ်ရမည် ဖရဖ် တာဝန်ဖြစ် သည်။ ဇကာသ်ပေးခြင်းကို ငြင်းဆန်သူသည် ကာဖိရ်ဖြစ်သည်။ ဇကာသ်ပေးဆောင်ရန်တာဝန် ရှိသောသူတို့မှာ-

(၁) မွတ်စ်လင်မ်ဖြစ်ခြင်း၊
(၂) လွတ်လပ်သူဖြစ်ခြင်း
(၃) အသိဥါဏ်ရှိသူဖြစ်ခြင်း၊
(၄) အရွယ်ရောက်သူဖြစ်ခြင်း၊
(၅) နိဆာဗ်ပစ္စည်းထက် ပိုမိုသော ပစ္စည်းဥစ္စာကိုပိုင်ဆိုင်ပြီး ကြွေးမြီကင်းသူဖြစ်ခြင်း၊
(၆) နိဆာဗ်ထက် ပိုသော ငွေကြေးများကို တနှစ်အနည်းဆုံး ပိုင်ဆိုင်သူဖြစ်ခြင်း။ လူတစ်ဦး တွင် ရွှေ ၇ ကျပ်သားခွဲခန့်ရှိလျှင် ထိုသူတွင် နိဆာဗ်ပမာဏ ရှိနေပြီဟု သတ်မှတ်





Monday, 4 December 2017

အာယသွလ်ကွရ်စီထွဋ်မြတ်မှု့ 

အာယသွလ်ကွရ်စီထွဋ်မြတ်မှု့ 

ဂျဟန္နမ်မီး ဟရာမ်ဖြစ်‌‌စေ‌သောသူများ

ဂျဟန္နမ်မီး ဟရာမ်ဖြစ်‌‌စေ‌သောသူများ

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဟဇရသ် အစ်ဗ်နေမဆ်အူဒ် (ရသွေ့)သခင် ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် ဆွလ္လလားဟု အလိုင်းဟ၀စ္စလာမ် ကိုယ်တော် အမိန့်ရှိသည်မှာ
အသင်တို့ကို ထိုကဲ့သို့သော
ပုဂ္ဂိုလ်များကို ငါကိုယ်တော် မပြသရဘူးလား။

ထိုသူများရဲ့အပေါ် ဂျဟန္နမ် ဟရာမ်၊ ဂျဟန္နမ်မီးက ဟရာမ်ဖြစ်တယ်။

လူတွေနဲ့ နီးကပ်စွာ တစ်စုတည်းနေတဲ့သူ။
လူတွေကို ကျေးဇူးပြုသောသူ။
နူးညံ့ချိုသာစွာ ဆက်ဆံသောသူ။
နူးညံ့သိမ်မွေ့သော စိတ်နှလုံသား ရှိသောသူ။

Thursday, 7 September 2017

လူသားများ

ဒွန္နီယာအဆိပ်တတ်နေသူသည်ရှိုင်တန်၏နောက်လိုက်ဖြစ်၏

Saturday, 1 July 2017

အီမာန်ရှင်တွေဘာကြောင့် ဗေဒီးန် ဖြစ်ရတာလဲ

အီမာန်ရှင်တွေဘာကြောင့် ဗေဒီးန် ဖြစ်ရတာလဲ
  ရိုဇာမထား စွန္နသ်တော်တွေမလိုက်နာ ကြသည့်
  အကြောင်းအရင်းတွေထဲ မှာ
 (  ၁၀၀  % ရာခိုင် နှုန်း ထဲ ကနေ)

(၁)       ၈၀ % ရာခိုင်နှုန်း ကတော့
ဟရာမ် အစား အသောက်တွေ  ဟလာလ် ဟရာမ်  သေချာခွဲမသိနိုင်တဲ့ သံသယဖြစ်နိုင်တဲ့ အရာတွေစားသောက်မိကြလို့  မရှောင်ကျင်လို့ ဖြစ်တယ်

(၂)    ၁၀  %   ဟာ  နမားဇ် မဝတ်ပြုတဲ့  သူ   ဗေနမာဇီ တွေ ရဲ့  လက်ကနေ ပြုလုပ်ထားတဲ့
  (ဟလာလ်) အစားအသောက် တွေကို ပဲစားမိလို     ဖြစ်တယ်
(ဒါကြောင့်အပြင်ဆိုင်တွေကနေ စားတာသောက်တာဝယ်တာ တွေ ကနေ အတတ် နိုင်ဆုံးရှောင်ကြပါ မုစ္စလင်မ်ဆိုင်ပဲဖြစ်နေပါစေရှောင်ကျင်သင့်ပေသည်)

(၃)  ကျန်တဲ့   ၁၀  %  ကတော့ မိမိရဲ့  ဆရာသခင်
        
  အကြီးအကဲတွေ အာလင်မ် တွေ ရဲ့  (စိုဟ်ဗသ်)
     ထိုင် ဝိုင်းမှာ အီမာန် ရဲ့ သာသနာ့ ထိုင်ဝိုင်းတွေ
     မှာ အချိန် မပေး  မပါ ဝင် နိုင် ကြ လို့  ဖြစ်သည်
        အလ္လာဟ်လမ်းမှာအချိန် မပေးလို့ဖြစ်သည်
...........................................................................
ဟဇရသ်မော်လာနာအဟ်မဒ်လာဟိုရီဆပ် (ရဟ)
...........................................................................
( အသက် ရှင် နေ စဉ် အချိန် ကာလ
မိမိ ရဲ့  အကြီး အကဲ ပညာရှင် အာလင် မ်
တွေ ရဲ့ အနားမှာ (စိုဟ်ဗသ်၌) ခဏတာ
ဖြစ်ဖြစ် ထိုင် ပြီး အကျိုးအမြတ်ကိုရယူတဲ့
အ လေ့ အကျင့်လုပ်‌ပါ