‘အမေရိကန်ကို မွတ်စလင်တွေ ၀င်ရောက်မှု လုံးဝ ပိတ်ပစ်မယ်’ လို့ ကျွေးကြော်ခဲ့သူက အင်္ဂါနေ့ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။
ဒါပေမယ့် ပထမဆုံး အမေရိကန်မွတ်စလင် အောက်လွှတ်တော်အမတ် ကိသ် အယ်လီဆန်ကတော့ ဒီမိုကရက်တစ်ပါတီရဲ့ မဟာဗျူဟာတွေကို ချမှတ်ပေးတဲ့ အမျိုးသား ဒီမိုကရက်တစ်ကော်မတီရဲ့ DNC မှာ ဥက္ကဌဖြစ်ရေး ခြေလှမ်းနေပြီ ဖြစ်ပါတယ်။
မင်နီဆိုတာပြည်နယ်ကိုယ်စားပြုတဲ့ အယ်လီဆန်ဟာ ဒီ သြဇာကြီးမားတဲ့ ရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိနေတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ ဒီအတွက် အယ်လီဆန်ကိုယ်တိုင်က ဘယ်လိုမှတ်ချက်မျိုးမှ မပေးသေးပေမယ့် အထက်လွှတ်တော်အမတ် ဘာရ်နီ ဆန်းဒါးရ်စ်နဲ့ အလီဇဘက်သ် ၀ါရန်၊ နယူးယောက် အထက်လွှတ်တော်အမတ် ချက်ရှူမားတို့အပါအ၀င် သြဇာကြီးမားတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တော်တော်များများကတော့ သူ့ကို ထောက်ခံထားကြပါတယ်။ ချက်ရှူးမားဟာ အထက်လွှတ်တော်ရဲ့ လူနည်းစုခေါင်းဆောင်ဖြစ်ဖို့ မျှော်မှန်းထားသူပါ။ အယ်လီဆန်ဟာ အထက်လွှတ်တော်က ဒီမိုကရက်တစ်ခေါင်းဆောင် နီဗာဒါပြည်နယ်က ဟာရီ ရေ့ဒ်ရဲ့ ထောက်ခံမှုကိုလည်း ရရှိထားပါတယ်။
“ကျွန်တော့်သူငယ်ချင်း ကိသ် အယ်လီဆန်ဟာ အင်မတန်တော်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုသိတဲ့ အရှေ့ကိုကြိုမြင်သူတစ်ယောက် ဖြစ်ပါတယ်။ အခုအချိန်ဟာ DNC မှာ အတွေးအခေါ်အသစ်တွေ၊ ခြေလှမ်းအသစ်တွေ လိုအပ်နေတဲ့အချိန်ဖြစ်ပြီး ဒါဟာ ကိသ် (အယ်လီဆန်) ရဲ့ အချိန်ပါပဲ” လို့ ရေ့ဒ်ကထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
ပါတီအတွက် ဘယ်လို လူငယ်ခေါင်းဆောင်အသစ်တွေ ပေါ်ထွက်လာမလဲဆိုတာကို စောင့်ကြည့်ရမယ့် DNC ရဲ့ နောက်ထပ်အကြီးအကဲ ရွေးချယ်မှုဟာ ဟီလာရီ ကလင်တန်တစ်ယောက် ထရမ့်ကို မထင်မှတ်ဘဲ ရှုံးနိမ့်မှုအပြီး ဒီမိုကရက်တစ်ပါတီက ဘယ်လမ်းကြောင်းကို လျှောက်မလဲဆိုတာကိုနဲ့ ပြသမယ့် အရေးကြီးတဲ့အချက်လည်း ဖြစ်ပါတယ်။
တကယ်လို့ အယ်လီဆန်သာ အရွေးခံရမယ်ဆိုရင် ထရမ့်ရဲ့ လူဖြူမဟုတ်သူတွေကိုအပေါ် ပြောခဲ့တဲ့ မှတ်ချက်တွေနဲ့ ပတ်သက်လို့ တော်တော်လေး စိုးထိတ်မှုတွေရှိနေတဲ့ မွတ်စလင်တွေအပါအ၀င် တစ်ခြား လူမျိုးစုငယ်လေးတွေရဲ့အရေးအတွက် အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
မင်နီယာပိုလစ်က သူ့ရဲ့ ခရိုင်ရုံးခန်းမှာပြုလုပ်တဲ့ အင်တာဗျူးမှာ အယ်လီဆန်က သူ့ပတ်ဝန်းကျင်က မွတ်စလင်တွေဟာ ထရမ့် သမ္မတဖြစ်တော့မယ်ဆိုတဲ့အချိန်မှာ သူတို့အပေါ် ခွဲခြားမှုတွေ၊ ဆိုးရွားတဲ့ ဆက်ဆံမှုတွေ ရှိမလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
“‘ကျွန်မတို့ ကလေးတွေက သားတို့တွေ မောင်းထုတ်ခံရတော့မှာလား။ လုံခြုံမှုဆက်ရှိမှာလားဆိုပြီး မေးနေကြတယ်’ လို့ ကျွန်တာ့်ကို ပြောပြတဲ့မိခင် တစ်ယောက်မက ရှိပါတယ်။ ဆယ်ကျော်သက် မိန်းကလေးတွေကလည်း သူတို့အနေနဲ့ သူတို့ ဆန္ဒရှိရင် ဟီဂျဘ် ဆက်ဝတ်လို့ရမလားဆိုပြီး မေးကြတာတွေလည်း ရှိပါတယ်။ ဒါက ကိုယ်ပိုင်ရွေးချယ်မှုပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ဒါမျိုးဝတ်ဆင်ဖို့ မလုံခြုံတော့ဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်နေပါပြီ” လို့ အယ်လီဆန်က ပြောကြားခဲ့ပါတယ်။
အရင်အင်တာဗျူးတွေတုန်းကလိုပဲ အခုအချိန်မှာလည်း အယ်လီဆန်က အံ့သြဖို့ကောင်းတဲ့ မှတ်ချက်တစ်ခု ပေးခဲ့ပါသေးတယ်။ ဒါကတော့ အခုအချိန်ဟာ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှုအပြီးနောက်ပိုင်မှာ ကြုံတွေ့ရတဲ့ အခြေအနေမျိုးထက် ပိုဆိုးတဲ့ အခြေအနေမျိုးလို့ သူက ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
“အခုအချိန်က ပိုပြီး ခက်ခဲနိုင်ဖွယ်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်”
စက်တင်ဘာ ၁၁ တိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်းမှာ တင်းမာမှုတွေက တစ်ဖြည်းဖြည်းလျော့ကျကာ ပုံမှန် ပြန်ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။ အောက်လွှတ်တော်ရဲ့ ပထမဆုံး မွတ်စလင်အမတ် ဖြစ်လာခဲ့ပြီးတဲ့နောက်မှာတော့ သမ္မတ ဂျော့ဂ်ျ ဒဘလျူ ဘုရှ်က “‘လက်ဆွဲနှုတ်ဆက်ပြီး ‘အယ်လီဆန်ရေ – အောက်လွှတ်တော်မှာ မွတ်စလင်အမတ်တစ်ယောက် ရှိလာတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်'” လို့ ပြောကြာခဲ့ကြောင်း သူက ဖွင့်ဟခဲ့ပါတယ်။
နောက်ပြီး အစ္စလာမ်သာသနာက ပြဿနာမဟုတ်ဘဲ့ အကြမ်းဖက်သမားတွေ၊ လူသတ်သမားတွေနဲ့ အဲဒီအရူးတွေကသာ ပြဿနာဖြစ်တယ်လို့လည်း ဘုရှ်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အယ်လီဆန်ကတော့ “ဘုရှ်ဟာ ဒီစကားအတွက် သြဘာပေးမှု သိပ်မရခဲ့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
Monday, 14 November 2016
မြန်မာပြည်မှ ဘာသာရေး ခေါင်းဆောင်များ ပုပ်ရဟန်းမင်းကြီးအား တွေ့ဆုံ နှုတ်ဆက်
အီတလီနိုင်ငံ၊ ရောမမြို့ရှိ ဂရေဂိုရီယမ်တက္ကသိုလ်တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃ရက် နှင့် ၄ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေး အတွက် ထားအပ်သော ကရုဏာတရား အား ဘာသာပေါင်းစုံမှ ဝေမျှမှုနှင့်သက်သေခံမှုနှင့် စပ်လျဉ်း၍ ကျင်းပသော အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲတစ်ရပ်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာတမ်းဖတ်ပွဲသို့ မြန်မာနိုင်ငံမှ ဖိတ်ကြားခံခဲ့ရပြီး အာရှ အလင်းရောင်ဆရာတော်နှင့် အစ္စလာမ်ဓမ္မဗိမ္မာန် ဦးဆောင်ဆြော်သြရေးမှူး အလ်ဟဂ်ျ ဦးအေးလွင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။အဆိုပါ အခမ်းအနားတွင် မြန်မာပြည်မှ ကိုယ်စားလှယ်များမှ ပုပ်ရဟန်းမင်းကြီးအား တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အာရှ အလင်းရောင်ဆရာတော် မှ ပုပ်ရဟန်းမင်းကြီးကို နှုတ်ဆက်စဉ်
November 13, 2016

အလ်ဟဂ်ျ ဦးအေးလွင် မှ ပုပ်ရဟန်းမင်းကြီးအား နှုတ်ဆက်စဉ်

Saturday, 8 October 2016
တမန်တော်လူးသ် (အလိုင်ဟိစ္စလာမ်)
တမန်တော်လူးသ် (အလိုင်ဟိစ္စလာမ်)
တမန်တော်လူးသ်(အ) ၏ ဖခင်အမည်မှာ “ဟာရာန်” ဖြစ်သည်။ တမန်တော် လူးသ်(အ)သည် တမန်တော်အီဗရာဟီးမ်(အ)၏ တူအရင်းတော်စပ်ပါသည်။ အကြောင်းမှာ တမန်တော်လူးသ်(အ)၏ဖခင်နှင့် တမန်တော်အီဗရာဟီးမ်(အ)တို့ သည် တစ်ဖအေတည်းမှ ပေါက်ဖွားလာသော ညီအစ်ကိုအရင်းအခြာဖြစ်ခြင်း ကြောင့်ဖြစ်သည်။
တမန်တော်လူးသ်(အ) ကို တမန်တော်အီဗရာဟီးမ်(အ)က အလွန်ချစ်မြတ် နိုးခဲ့သည်။ တစ်ခါက ရောမလူမျိုးများ တမန်တော်လူးသ်(အ)အား ဖမ်းဆီး၍ အကျဉ်းချထားခဲ့ကြလေသည်။ ထိုအခါ တမန်တော်အီဗရာဟီးမ်(အ)သည် ရောမ လူမျိုးများအား“ဂျေဟားဒ်”(သာသနာစစ်ထိုးမှု) ပြု၍ တူတော်သူအား ရောမလူမျိုး များ၏ အကျဉ်းချထားခြင်းခံရမှုမှ ကယ်တင်ခဲ့ဖူးလေသည်။
တမန်တော်လူသ် (အ) အမျိုးသားများသည် ပင်လယ်သေဒေသကမ်းစပ်ရှိ “ဆိုဒေါမ်” ဟုခေါ်သော မြို့တွင်နေကြ၏။ တမန်တော်လူးသ်(အ)၏ အွမ္မသ်အမျိုးသားများသည် လဝါသတ်သ်(ဝါ) အမျိုးသားအချင်းချင်း ကမာစပ်ယှက်ခြင်းဟူသော လူညွန့်တုံးစေသည့် စက်ဆုပ်ရွံရှာဖွယ် ကောင်းသော လုပ်ရပ်ကို နှစ်သက်ကြ၏။
သူတို့၏ စာရိတ္တမှာ အလွန်ဆိုးရွား ပျက်စီးနေကြ၏။ ဆိုဒေါမ် မြို့ကို အစွဲပြု၍ “ဟိုမိုဆဆ်ဆဲလီတီကို” အင်္ဂလိပ်လို “ဆိုဒိုမီ” ဟုခေါ်ပါသည်။ တမန်တော်လူးသ်(အ)သည် မိမိ၏ အွမ္မသ်အမျိုးသားများအား ဖော်ပြပါဆိုးရွားသည် စာရိတ္တမှ ရှောင်ကြည်စွန့်လွတ်ကြရန် အမျိုးမျိုးတိုက်တွန်း မိန့်ကြားသော်လည်း၊ အွမ္မသ်အမျိုးသားများသည် ၄င်းအကျင့်ဆိုးအား စွန့်လွတ်ရှောင်ကြဉ်ခြင်း မပြုခဲ့ကြပေ။ သူတို့က တမန်တော် လူသ်ကိုပင် တိုင်းပြည်မှ နှင်ထုတ်ပစ်ဟု ခြိမ်းခြောက်ကြ၏။ သို့ရှိရာ အလ္လာဟ်အရှင်မြတ်က ထိုအကျင့်စာရိတ္တ ပျက်စီးနေသော အွမ္မသ်အမျိုးသားများအား ထိုမြို့တစ်မြို့လုံးရှိ ကမ္ဘာမြေကို လှန်အပစ်ရန် ဂျီဗရာအီးလ်ကောင်းကင်တမန်အား စေခိုင်း၍(အဇားဗ်) အပြစ်ဒဏ် ခတ်လေသည်။ ထိုပြစ်ဒဏ် ကြောင့် တမန်တော်လူးသ်(အ)၏ သွန်သင်ဆုံးမမှုအား လိုက်နာမှုမရှိသော သူများသည် တစ်ဦးမကျန် သေကြေပျက်စီးကုန်ကြလေသည်။ ကျမ်းမြတ်ကုရ်အာန် (၂၆း ၁၆၀-၁၇၁) ရှု့ပါ။
တမန်တော်လူသ် (အ) ဆိုဆုံးမမှုကို အခြားသူများပါမက မိမိ၏ ဇနီးသည်ပင်လျှင် မနှစ်သက် သဖြင့် ၄င်းဇနီးသည်သည်လည်း ပျက်စီးသူများတွင် ပါဝင်သွားပါသည်။ ကျမ်းမြတ်ကုရ်အာန် ၆၆း ၁၀ တွင် ကြည့်လျှင် သိနိုင်ပါသည်။
ကျမ်းမြတ်ကုရ်အာန် အကျယ်ဖွင့် သဘောအရသိရသည်မှာ တမန်တော်လူသ်၏ တောင်းဆိုချက် ကြောင့် အလ္လာဟ်အရှင်မြတ်သည် ဖရိရှ်သာ သုံးပါးကို သူ၏ အမျိုးသားများ အပြစ်ဒါဏ်ပေးရန် ဆိုဒေါမ် မြို့သို့ စေလွှတ်လိုက်ပါသည်။ မလာအိကာ သုံးပါးသည် ၄င်းမြို့အပြင်ဘက်တွင် နားနေ ခိုက် အမျိုးသမီးတစ်ဦး ချောင်းနံဘေးတွင် ရေခပ်နေသည်ကို တွေ့ရပါသည်။ သို့ဖြင့် သူတို့က အမျိုးသမီးငယ်များ အသင်တို့မြို့တွင် နားခိုစရာ နေရာရှိက မိမိတို့အား ပြပေးရန် ပြောဆိုပါသည်။ အမျိုးသမီးငယ်သည် တမန်တော်လုသ် (အ) သမီးဖြစ်နေပြီး၊ ၄င်းက ဧည့်သည်များကို တွေ့သည့် အခါ အလွန်ပင် အံ့သြနေမိသည်။ ၄င်းက စိတ်အတွင်း စဉ်းစားမိသည်မှာ အလွန်ချောမောလှပ သော ဧည့်သည်များ မြို့တွင်းသို့ ၀င်ရောက်က ငါ၏ မြို့သားများသည် ၄င်းဧည့်သည်များကို မတရားမှု ပြုကြလိမ့်မည်။ သို့ဖြင့် သူမသည် စိုးရိမ်လျှက် ဧည့်သည်တို့ကို “အသင်တို့ ဤနေရာ တွင်ပင် နေကြပါ။ မိမိသည် ဖခင်ဖြစ်သူကို ခေါ်ပေးမည်” ဟုဆိုကာ မြို့တွင်းသို့ အပြေးဝင်ကာ ဖခင် ဖြစ်သူအား အကျိုးအကြောင်းကို ရှင်းပြပါသည်။
ဖခင်ဖြစ်သူ လူသ် (အ) သည် မြို့ပြင် သို့ အပြေးလာကာ ဧည့်သည်များကို တွေ့ဆုံပြီး မြို့၏ အခြေအနေများကို ရှင်းပြပါသည်။ မြို့တွင်း နေထိုင်လိုပါက မိမိအိမ်တွင်သာ နေထိုင်စေလိုပြီး အခြားမည်သည့်နေရာမှ စိတ်ချဖွယ် မရှိကြောင်း မြို့တွင်း လူတို့၏ စရိုက်များကိုလည်း ပြောပြပါ သည်။ သို့ဖြင့် ညလူခြေတိတ်ချိန်တွင် သူတို့သည် မြို့အတွင်းသို့ တိတ်တဆိတ် ၀င်ရောက်လာကြ ပါသည်။
အိမ်သို့ရောက်သောအခါ တမန်တော် လူသ် (အ) ၏ ဇနီးဖြစ်သူသည် တိတ်တဆိတ် အပြင်သို့ထွက်ပြီး မိမိအမျိုးသားများကို မိမိအိမ်၌ အလွန်ချောမောလှပသော လူငယ်များ ရောက် နေကြောင်းပြောပြလိုက်သည်။ ထိုအခါ မြို့အတွင်း လူတို့သည် စိတ်လှုပ်ရှားကာ တမန်တော် လူသ် (အ) ၏ အိမ်သို့ လာရောက်ကြကာ တံခါးခေါက်လေသည်။ သူတို့က ဧည်သည်လူငယ်များအား မိမိတို့ထံအပ်ရန် တောင်းဆိုကြလေသည်။ တမန်တော်လူသ် (အ) သည် ၄င်းတို့အား တောင်းပန် ပြောကြားလေသည်။ သူတို့က လုံးဝလက်မခံဘဲ တံခါးများကို ထုနှက်ကာ အတွင်သို့ အတင်းဝင် ရောက်၇န် ကြိုးပမ်းကြသည်။ တမန်တော်က အသင်တို့ အလ္လာဟ်အဇါဗ်ကို ကြောက်ရွံ့ကြရန် ပြောဆိုလေသည်။ သူတို့က လက်မခံဘဲ အတင်းဝင်ရောက်ကာ လူငယ်များကို ဆွဲယူကြကုန်၏။
ဤတွင် လူငယ်ဧည်သည်များက မိမိတို့သည် လူမဟုတ်ဘဲ မိုးကောင်းကင်မှ တမန်များဖြစ်ကြ၏ ဟုပြောဆိုလေသည်။ ထိုအခါ လူတို့သည် ကြောက်ရွံ့ကြကုန်၏။ လူတို့သည် တမန်တော်လူသ် အိမ်မှ ထွက်ပြေးကြကုန်၏။ မနက်ချိန်ရောက်သည့်အခါ ဧည့်သည်တို့သည် တမန်တော်လူသ် (အ) နှင့် မိသားစုဝင်များ၊ အီမာန်ယုံကြည်သူများကို ၄င်းမြို့မှ ခေါ်ထုတ်သွားကာ ၄င်းမြို့သည် ဖျက်ဆီးလိုက်ပါသည်။
ကောင်းကင်တမန်များသည် ၄င်းမြို့မှ မြေကို အပေါ်သို့ မတင်လိုက်ပြီး ပြစ်ချလိုက်သဖြင့် လူများနှင့် ရှိသမျှသော အရာတို့သည် အမှုံ့ဖြစ်သွားလေသည်။ ၄င်းတို့ အထဲတွင် တမန်တော်လူသ် (အ) ၏ ဇနီးဖြစ်သူလည်း ပါဝင်သွားပါသည်။ ဤသည်ကား အလ္လာဟ် ရှင်မြတ်၏ အမိန့်တော်ကို ဆန့်ကျင်ကြသူများ၏ နိဂုံးပင်ဖြစ်ပါသည်။
ဤအကြောင်းကို ဖတ်ရှု့ခြင်းဖြင့် ယနေ့ မိမိတို့၏ ကမ္ဘာတွင် မြို့တိုင်းတိုင်း၌ အလ္လာဟ်အမိန့်ကို ဆန့်ကျင်ကာ အပြစ်ကျူးလွန်နေသူများ များစွာရှိပါသည်။ ဟိုမိုဆဲဆ်ဆဲလ်များ၊ ဂေးများ၊ ပရောစ်တီကျူတ်များ၊ အရက်သေစာသောက်စားသူများ၊ ကလေးငယ်များကို ဖျက်ဆီးသူများ နှင့် ပြည့်နှက်နေသည်။ အိုမွတ်စ်လင်မ် မို့မင်တို့ အသင်တို့ သတိထားကြပေလော့၊ ဤ အကြောင်းကို ပြောပြပြီး လူတို့ကို သံဝေဂ ရကြရန် ဟောပြောကြပါလော့။ ယနေ့ ဂလိုဘဲလ် ဝေါမင်း က များလာသလို မီးတောင်တွေပေါက်၊ အပူချိန်တွေတက် ရေတွေခမ်းခြောက်လာ၊ မုန်တိုင်းတွေ ဒီရေ တွေတက်လာကြ၊ ဆိုနာမီနှင့် ငလျှင် တွေ ခဏခဏ လှုပ်နေခြင်းသည် အလ္လာဟ်အရှင်မြတ် ထံတော်မှ အဇါဗ် ၏ လက္ခဏာများ ဖြစ်သည်ကို သတိထားကြလော့။

Friday, 2 September 2016
ကုရ်အာန်မှတင်ပြသောတရားတော်များ
22 17 ဧကန်စင်စစ် "မုအ်မင်န်" သက်ဝင်ယုံကြည် သူ့သည်လည်းကောင်း၊ ယဟူဒီဘာသာဝင်တို့သည်လည်းကောင်း၊ ဆွာဗီတို့သည်လည်းကောင်း၊ နဆ်ွရာနီတို့သည်လည်းကောင်း၊ မဂျူစီ (မီးကိုးကွယ်သူ)တို့သည်လည်းကောင်း၊"မုရှ်ရစ်က်"တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူတို့သည်လည်းကောင်း၊ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ၎င်းတို့စပ်ကြားဝယ် စီရင်ဆုံးဖြတ်တော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို (မျက်မြင်ဒိဋ္ဌ) သိမြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
Friday, 3 June 2016
ကဗွလ်ပြုတော်မူပါ
များမကြာမီကြရောက်မည့်လမြတ်ရာန်မဇာန်ကိုအကြောင်းပြု၍
အီမန်ရှင်တို့အားလုံးအပေါ်ရိုဇာဥပုတ်ကိုကျမ်းမာစွာပြုလုပ်နှို်င်စွမ်း
ပေးသနားတော်မူပါအာမီန်း

Wednesday, 27 April 2016
Friday, 1 April 2016
Tuesday, 29 March 2016
Sunday, 27 March 2016
Subscribe to:
Posts (Atom)